၂၀ မတ်

နိုင်ဂျာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ပထမဆုံး ကူးစက်ခံရကြောင်း နိုင်ဂျာပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။


ကူးစက်ခံရသူမှာ အသက် ၃၆ နှစ်အရွယ် နိုင်ဂျာနိုင်ငံသား ဖြစ်ပြီး မကြာသေးမီက  တိုဂို၊ ဂါနာ၊ အိုင်ဗရီကို့စ်နှင့် ဘာကီးနားဖားဆို နိုင်ငံများသို့ ခရီးသွားခဲ့သူ ဖြစ်ကြောင်း ထိုကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကူးစက်ခံရသူသည် ကျန်းမာရေးဆောင်ရွက်မှုများခံယူပြီးဖြစ်ကြောင်းနှင့် ၎င်း၏ကျန်းမာရေးအခြေအနေ တည်ငြိမ်သွားပြီဖြစ်ကြောင်း ယင်းကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို