ပထမကိုးလအတွင်း ပြည်ပသို့ ဗီယက်နမ်အလုပ်သမား ၁၁၀၀၀၀ ကျော် စေလွှတ်

အောက်တိုဘာ ၁၉

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်ပထမကိုးလအတွင်း အလုပ်သမားဦးရေ ၁၁၀၀၀၀ ကျော်ကို စာချုပ်အရ ပြည်ပသို့ စေလွှတ်ခဲ့သည်ဟု ယမန်နေ့ကဗီယက်နမ်သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။

အဆိုပါအလုပ်သမားများအနက် ၇၉၀၀၀ ခန့်သည် စာချုပ်သက်တမ်းပြည့်ပြီးနောက် နေရပ်သို့ ပြန်သွားကြသည်။ စာချုပ်သက်တမ်းမပြည့်သေး၍ ပြည်ပတွင်အလုပ်လုပ်ကိုင်လျက်ရှိသော အလုပ်သမားဦးရေ ၆၅၀၀၀၀ ကျော်ရှိသည်ဟု သိရသည်။

နိုင်ငံအတွင်း စက်တင်ဘာလအထိ အလုပ်သမားအင်အား ၅၂ ဒသမ ၃ သန်းအထိရှိရာ လွန်ခဲ့သောနှစ်က အလားတူကာလနှင့်နှိုင်းယှဉ်ပါက အလုပ်သမားဦးရေ ၇၆၀၀၀၀ ပိုမိုကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို