ပုဗ္ဗသီရိ ၁၉ ဧပြီ

 

နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဧပြီ ၁၇ ရက်က မိုးရွာသွန်းပြီး လေပြင်း တိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေး ပစ္စည်းနှင့် ထောက်ပံ့ငွေများကို ယနေ့မွန်းလွဲ ၃ နာရီမှစတင်၍ သပြေစမ်းကျေးရွာနှင့် ဖြုတ်ခွဲကျေးရွာ ဓမ္မာရုံတို့တွင် ပေးအပ်ခဲ့သည်။

 

mdn

 

သပြေစမ်းကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးခဲ့သည့် လူနေအိမ် ၂၄ လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာထောက်ပံ့ငွေ၊ အိမ်ဆောက်စရိတ်၊ ကယ်ဆယ်ရေး ပစ္စည်း ၁၁ မျိုးနှင့် နေပြည်တော်ကောင်စီမှ တစ်အိမ်ထောင်လျှင် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၄၈၀ဝ၀ဝ ကို လည်းကောင်း၊ ဖြုတ်ခွဲကျေးရွာ အုပ်စုမှ နေအိမ် ၁၂ လုံး၊ ညောင်လူးကျေးရွာမှ နေအိမ် ၂ လုံးနှင့် ထုံးဘိုကျေးရွာမှ နေအိမ် ၁ လုံး စုစုပေါင်းနေအိမ် ၁၅ လုံးအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ ထောက်ပံ့ငွေ၊ အိမ်ဆောက်စရိတ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးနှင့် နေပြည်တော်ကောင်စီမှ တစ်အိမ်ထောင်လျှင် နှစ်သောင်းနှုန်းဖြင့် ထောက်ပံ့ငွေကျပ် ၃၀ဝ၀ဝ၀ ကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးရည်မွန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ဥတ္တရခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးဝေဝင်း၊ ဒုတိယမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးကျော်အောင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့ကြသည်။

 

ပုဗ္ဗသီရိမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၃၉ လုံးနှင့် ဓာတ်တိုင် ၃ တိုင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN

 

mdn