ပုဗ္ဗသီရိ  ၂၄  မတ် 

 

ကျေးလက်နှင့် မြို့ပြကွာခြားမှုမရှိစေရေးနှင့် ကျေးလက်နေပြည်သူများ လိုအပ်လျက်ရှိသည့် လုပ်ငန်း ဆောင်ရွက်ချက်များအား ပေါင်းစပ်ဖြည့်ဆည်းနိုင်ရေးတို့အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းကာ "ကျေးလက်ဒေသဖွံ့ဖြိုးရေး" ပြည်သူ့စကားဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်က အမှာစကား ပြောကြားပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ 

 

ထို့နောက်ဦးဆောင်ဆွေးနွေးသူများဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိဦးစိန်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနဦးစီးအရာရှိဦးသန်းကို၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာမြင့်သိန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်မင်းဆွေ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆုလဲ့မွန်တို့က မိမိတို့ဌာနအလိုက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်လမ်းတံတား များအဆင့်မြှင့်တင်ရေး၊ မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ လယ်ယာမြေပုံစံ(၇)ရရှိရေး၊ သောက်သုံးရေ ရရှိရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်များအပြင် ကျေးရွာအတွင်းလိုအပ်ချက်များကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးကြပြီး ကျေးရွာပြည်သူများမှ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။  

 

MDN

 

0