ညောင်ဦး  ဖေဖော်ဝါရီ  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဗူးဘုရားစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီအချိန်မှ စတင်ကာ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမှု စတင်ကပ်လှူ တော်ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ဗူးဘုရားစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများတက် ရောက်ကပ်လှူပူဇော်ခဲ့ကြပြီးကြောင်း သိရသည်။ 

ဗူးဘုရားသည် ပုဂံရာဇဝင်တွင် ပျူစောထီးမင်း၏ အကြောင်းအရာတွင်ပါဝင်သော ပုဂံပြည်တွင် ရှူးပျံ ၊ဗူး၊ ဝက်၊ ကျားနှင့်ငှက်ကြောင့် ပျက်လုဘနန်းဖြစ်ခဲ့ရသော ရန်သူကြီးငါးဦးအနက် အပါအဝင် ရန်သူဗူးပင်ကြီးကို နှိမ်နင်းသောနေရာတွင် ကျား၊ ရှူး၊ ဗူး၊ ဝက်၊ ထီးလိုင်ငှက် ကိုနှိမ်နင်းသော ပျူစောထီးမင်း၏ ကောင်းမှုဗူး ဘုရားဖြစ်ပေါ်တည်ထားကိုးကွယ်ခဲ့ကြောင်း ဗူးဘုရားဂေါပက ဥက္ကဋ္ဌမှရှင်းပြသည်။

ဗူးဘုရားစေတီတော်ကြီး ရွှေထီးတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရာသို့ မည်သူမဆိုပါဝင်လှူဒါန်းနိုင်ကြောင်း၊ ရွှေသင်္ကန်ူကပ်လှူမည့် ရွှေဆိုင်း (၅၂၀)ဆိုင်း ၊ရွက် ရေ(၁၀၀)ပါ မျက်ပါးရွှေ(၁)ဆိုင်းလျှင် တစ်သိန်းတစ်သောင်းကျပ်၊ ရွှေပြား(၁၀)ပြားလျှင် တစ်သောင်းတစ်ထောင်ကျပ်၊ ရွှေပြား(၅)ပြားလျှင် ငါးထောင်ငါးရာကျပ်၊ ရွှေပြားတ(၁) ပြားလျှင်တစ်ထောင်တစ်ရာကျပ်ဖြင့် သဒ္ဒါကြည်လင်ပါရမီရှင်များမှ ဖော်ပြပါရွှေဆိုင်း ဈေးနှုန်းများအတိုင်း လှူဒါန်းပူဇော်နိုင်ပါကြောင်းနှင့် မျက်ပါးရွှေဆိုင်းများကိုလည်း မိမိ ကိုယ်တိုင်ဝယ်ယူလှူဒါန်းနိုင်ကြောင်း လည်းသိရသည်။

ဒီပါလင်း