ရန်ကုန်   ဇန်နဝါရီ   ၈

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ကျောက်မျက်ရတနာ အလှဆင်ဖန်တီးခြင်း လက်မှုပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး    ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်မော်မော်သန်းက သင်တန်းနည်း ပြဆရာမများအား အမှတ်တရ လက်ဆောင်ပေးအပ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သင်တန်းသူများ၏ လက်ရာများကို ကြည့်ရှု၍ ရင်းနှီးစွာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။              

ဟန်စုယဉ်