ပုဇွန်တောင်မြို့နယ်တွင် ဆင်ခြေထောက်ရောဂါကာကွယ်ဆေးများ ကွင်းဆင်းတိုက်ကျွေးမည်

ပုဇွန်တောင် ၁၂ ဇန်နဝါရီ

 

အများပြည်သူများ ဆင်ခြေထောက်ရောဂါဖြစ်ပွားခြင်းမှ ကြိုကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ဇန်နဝါရီ ၂၂ ရက်နေ့မှ စတင်ပြီး ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းတိုက်ကျွေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနထံမှ သိရသည်။

 

ထိုသို့ တိုက်ကျွေးရာတွင် ဇန်နဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ မြို့နယ်အတွင်းရှိ ထက်/လယ်/မူ ၁၆ ကျောင်းသို့ နံနက်ပိုင်းတွင် လည်းကောင်း၊ ဇန်နဝါရီ ၂၂ ရက်မှ ၃၁ ရက်နေ့အထိ ရပ်ကွက်နေ ပြည်သူများထံသို့ ညနေ  ၄ နာရီနောက်ပိုင်းတွင် လည်းကောင်း ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများမှ ကွင်းဆင်းတိုက်ကျွေးကြမည် ဖြစ်ကြောင်းမြို့နယ်ပြန်/ဆက်မှ သိရှိရသည်။ 

MDN