ပုလော ၂၁ မတ်    

 

ပုလောမြို့နယ်၊ မကျည်းကုန်းကျေးရွာအုပ်စု နတ်အိမ်ကမ်းကျေးရွာ၌ မှုခင်းကျဆင်းရေးအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီက နတ်အိမ်ကမ်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းက သက်ငယ်မုဒိန်းမှုအကြောင်း၊ ရဲမှူးအေးကျော်မြင့်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးသက်အောင်ဆွေက ၂၀၁၈ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ပြင်ဆင်သည့် ဥပဒေများအကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။

 

ယင်းနောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးတင့်နိုင်က ချောင်းမြောင်းဥပဒေနှင့် ရေဘေးကာကွယ်ရေး တာတမံများအကြာင်း၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်က မီးသတ်ဆေးဘူးအသုံးပြုပုံနှင့် မီးဘေးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

 

ထိုနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မူးယစ်ဆေးဝါးပညာပေး ဗီဒီယိုဇာတ်လမ်းတိုများ၊ မီးဘေးပညာပေး ဇာတ်လမ်းများ၊ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန်ဝေခဲ့ကြသည်။

 

ထူးဝေယံ(ပြန်/ဆက်)

 

IMG_20190