ပုညခင်၏ ပန်းတွေပွင့်ဖို့ စောင့်ရချိန် ဝတ္ထုသစ် ထွက်ရှိ

ရန်ကုန် ၇ ဒီဇင်ဘာ

 

ပုညခင်၏ “ပန်းတွေပွင့်ဖို့ စောင့်ရချိန်” ဝတ္ထုသစ်ကို ထုတ်ဝေဖြန့်ချိထားကြောင်း သိရသည်။

 

ယင်းစာအုပ်သည် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့်၊ ပူတာအို၊ ရေခဲတောင် ဝန်းကျင်ဒေသများနှင့် မြန်မာပြည်မြောက်ဖျားစွန်း တိဗက်ရွာကလေးတွင် နေထိုင်ကြသူ တို့၏ ဘဝရှင်သန်ရပ်တည်မှုများ၊ အသက်မွေးဝမ်းကျောင်းများ၊ ဓလေ့ထုံးစံနှင့် ယဉ်ကျေးမှုများ၊ သဘာဝပတ်ဝန်းကျင် အလှအပများနှင့်အတူ မူးယစ်ဆေးဝါးစွဲလမ်းမှု ပြဿနာတို့၏ အရင်းအမြစ်၊ စစ်ပွဲတို့၏အရိပ်အယောင်၊ ငြိမ်းချမ်းရေး၏ အငွေ့အသက် တို့ကို အခြေပြု၍ ရေးဖွဲ့ထားသောဝတ္ထုဖြစ်သည်။

 

ယနေ့ခေတ်တွင် လူငယ်လူရွယ်များ ခံစားကြုံတွေ့ရသည့် မူးယစ်ဆေးဝါး စွဲလမ်းမှု ပြဿနာနှင့် မိဘများ သတိမူသင့်သည့် အကြောင်းအရာများကို မီးမောင်းထိုးပြထားပြီး ငြိမ်းချမ်းရေး၏အရေးပါပုံကို ခံစားသိရှိတန်ဖိုးထားမိစေသော ရသမြောက် ဝတ္ထုတစ်ပုဒ်လည်း ဖြစ်သည်။

 

ဤစာအုပ်ကို ပုညခင်စာအုပ်တိုက် ၊  တိုက်သစ် ၂ ၊ အခန်း ၂ ၊ မြေညီထပ် ၊ ဖဆပလ အိမ်ရာ၊ ဖုန်း - ၀၉ ၇၃၁၀၄၂၂၉ ၊ ၀၉ ၅၀၅၄၂၃၆ မှ တန်ဖိုး ၇၀၀၀ ကျပ်ဖြင့် ဖြန့်ချိထားသည်။

 

(သတင်းစဉ်)