'ပုံရိပ်' ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာလလယ် စတင်ရိုက်ကူးမည်

၁၃  ဒီဇင်ဘာ

 

Dream Flim production မှ ထုတ်လုပ်မှ '' ပုံရိပ်'' ရုပ်ရှင်ဇာတ်ကားကြီးကို ရန်ကုန်မြို့တွင် ဒီဇင်ဘာလလယ်၌ စတင်ရိုက်ကူးမည်ဟု သိရသည်။

 

"ဒီဇာတ်ကားက horror ဆိုက်ကို ဇာတ်လမ်းလေးပါ။ ဒီကားအတွက် ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဝတ်ရည် ကိုယ်တိုင်ပဲရေးတာပါ။ အချိန်လေးလလောက် ပြင်ဆင်ခဲ့ရတယ်။ ရေးတဲ့လူ ကိုယ်တိုင်က ဒီဇာတ်အပေါ် စီးမြောနေမှ ကြည့်ရတဲ့လူတွေကလည်း မြောပါလာမှာလေ။ ပရိသတ်တွေက horror ဆိုရင်ကြောက်ချင်လို့ သွားကြည့်တာလေ။ အဲဒါကြောင့်ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့ ဒီဇာတ်ကားအပေါ် ဝတ်ရည်ရာနှုန်းပြည့် အားထည့်ထားပါတယ်။ ကြောက်စရာ ဇာတ်ကားဖြစ်လို့ ကြောက်ကို ကြောက်ရမယ်ဆိုတာ အာမခံပါတယ်။ ဇာတ်လမ်းပုံစံက အရမ်းကို လျှို့ဝှက်ဆန်တဲ့ ကားပါ ၊ ဇာတ်လမ်းပုံစံလေးက ငယ်ငယ်က မိဘအိမ်ထောင်ရေး ပြဿနာတွေကြောင့် စိတ်ဒဏ်ရာရ၊ စိတ်ဝေဒနာ ခံစားနေရတဲ့ မင်းသွေး၊ ဘေးနားမှာ အမြဲတမ်း ရှိနေပေးတဲ့ ငယ်သူငယ်ချင်း ဇော်အောင်နဲ့ ပုံ့ပုံ့။ မင်းသွေးညီမလေး ရုတ်တရက် သေဆုံးသွားချိန်မှာတော့ မင်းသွေးတို့ အိမ်မှာ ထူးခြားဆန်းကြယ်မှုတွေ နေ့တိုင်း ကြုံလာရသလို၊ တစ်ရက်ထက် တစ်ရက် ပိုပြီး စိတ်ဖောက်လာတဲ့ မင်းသွေးကို သံသယရှိလာတဲ့ ဇော်အောင်တစ်ယောက် လူသေမှုကို လိုက်လံစုံစမ်းတဲ့ အခါမှာတော့ မင်းသွေးတင်မကဘဲ၊ ဇော်အောင့်ကမ္ဘာတစ်ခုလုံးကိုပါ ပြောင်းလဲစေမယ့် နောက်ကွယ်က လျှို့ဝှက်ချက်ကြီးကို ဇော်အောင် တစ်ယောက် ရှာဖွေ တွေ့ရှိသွားတဲ့ အခါပေါ့၊ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ၊ဇာတ်ကားကြီး ရုံတင်ရင် အားပေးကြပါ" ဟု ဒါရိုက်တာ ချိုဝတ်ရည်ကဆိုသည်။

 

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း မောင်မောင်မြင့် ၊ ဇာတ်ညွှန်းနှင့် ဒါရို်က်တာအနေဖြင့် ချိုဝတ်ရည် က သရုပ်ဆောင်များဖြစ်သည့်  ကျော်ကျော်ဗိုလ်၊အလင်းရောင်  ၊မေ၊ ရဲမွန် ၊ လုလု ၊ ကောင်းထက် ၊ အကယ်ဒမီ ခင်မို့မို့အေး ၊မြတ်အိန္ဒြာထက်၊ နှင်းနဒီ  စသည့် အနုပညာရှင်များ ပါဝင်ကြောင်း သိရသည်။

 

ကိုလင်း