ပုသိမ်ကြီး ၉  ဖေဖော်ဝါရီ

ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၉၅)ရှိ ခြံအတွင်း ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီ ၅၄ မိနစ်ခန့်တွင် ဆီပေပါများချရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းခြံအတွင်း ခြောက်ဘီးယာဉ်ပေါ်ရှိ ဒီဇယ်ဆီပေပါ(၄၅)လုံးအတွင်းမှ ပေပါအခွံများ အတွင်းသို့ ဆီချသည့်ပန့်စက်ဖြင့် ချရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကာ အမျိုးသားတစ်ဦး (ခန္ဓာကိုယ်နှင့် လက်တို့တွင် မီးဟပ်ဒဏ်ရာ/မစိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိသည်။ 

 

ေ

 

မီးလောင်မှုဖြစ်ပွားသည့် နေရာသို့ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၃၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မူးရဲမှူး လှမြင့်ပါတပ်ဖွဲ့များ၊ ရွာသူ၊ ရွာသားများမှ မီးသတ်ယာဉ် (၁၀)စီး၊ ကွပ်ကဲမှုယာဉ်(၂)စီး၊ ထောက်ကူပြု ရေသယ်ယာဉ်(၂)စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် ဒီဇယ်ဆီ(ချက်ဆီ) ပေပါတစ်လုံး ဆုံးရှုံးခဲ့ကြောင်းနှင့် ပုသိမ်ကြီးမြို့မ ရဲစခန်းမှ အမူဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဇာလှိုင်