နေပြည်တော် ၁၉ ဧပြီ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာ၌ ဧပြီ ၁၈ ရက် မွန်းလွဲ ၂ နာရီက နေအိမ်အုတ်နံရံဖြိုချရာမှ အုတ်နံရံပိမိပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၁၈ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်နေ ကိုအောင်ကျော်စိုး (ခ) ကျော်စိုး (၃၉)နှစ်သည် ၎င်းပိုင် သမ္မတောကျေးရွာရှိ (၁၀)ပေအမြင့် နေအိမ် (၁)ထပ်တိုက်အား (၂)ထပ်တိုက် ဆောက်လုပ်ရန်အတွက် အုတ်နံရံအား သံတူးရွင်း/တူတို့ဖြင့် ဖြိုချစဉ် ၎င်းကိုယ်ပေါ်သို့ အလျား/အနံ (၄)ပေခန့်ရှိ အုတ်နံရံပြိုကျပြီး ၎င်းတွင် ဒဏ်ရာများရရှိခဲ့သဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့အပ်စဉ် သေဆုံးသွားခဲ့ကြောင်းနှင့် ၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အုန်းချောနယ်မြေ ရဲစခန်း၌ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား


