ပုသိမ် အောက်တိုဘာ ၁

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ပေါ်ရှိ New Day စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးလုံခြုံမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ဧရာဝတီတိုင်းဒေသကြီး ဒုတိယတိုင်းမီးသတ် ဦးစီးမှူး ဦးကိုကိုဦး၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်သူရ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွဋ်တို့က ဦးဆောင်၍ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်နှင့် ဖြစ်ပွားလာပါက အချိန်တိုအတွင်း မီး​ငြှိမ်းသတ်နိုင်စေရေးအတွက် စက်သုံးဆီအရောင်းဆိုင်တွင် တပ်ဆင်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းကိရိယာများအား အသင့်အသုံးပြုနိုင်ခြင်း ရှိ/မရှိနှင့် အရေးပေါ် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အ​ခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)