ပုသိမ် ၁၆ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဧပြီ ၁၃ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သော မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်သိမ်းပွဲ ကို ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ဗဟိုမဏ္ဍပ်၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် တက်ရောက်ချီးမြှင့်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဒိုင်အဖွဲ့ဝင်များ၊ သင်္ကြန် ကာလအတွင် ပါဝင်ယှဉ်ပြိုင် ကပြခဲ့ကြသော ယိမ်းအကအဖွဲ့များ၊ သံချပ်အဖွဲ့များ၊ အလှပြမော်တော်ယာဉ်များ၊ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ၊ သင်္ကြန်မင်းသား၊ သင်္ကြန်မင်းသမီး၊ စွယ်စုံ မင်းသား၊ နှစ်သိမ့်ဆုနှင့် အထူးဆုရရှိသူများကို တံခွန်စိုက်ဖလားနှင် ငွေသားဆုများချီးမြှင့်ခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ်က ၁၃၈၀ ခုနှစ် မြန်မာရိုးရာသင်္ကြန်ပွဲတော် ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး တက်ရောက်လာကြသူများက မန်းတောင်ရိပ်ခိုသီချင်း သီဆိုကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

 

mdn

 

ပုသိမ်မြို့တွင် သင်္ကြန်ကာလ၌ အကြီးတန်းယိမ်း ၇ ဖွဲ့၊ အခြေခံပညာယိမ်း ၁၀ ဖွဲ့၊ သံချပ် ၇ ဖွဲ့၊ အလှပြ မော်တော်ယာဉ် ၇ စီးတို့က ကပြဖျော်ဖြေပေးခဲ့ကြပြီး ရေကစားမဏ္ဍပ် ဝန်ကြီးဌာန ၈ ခုအပါအဝင် ၃၂ ခုရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

MDN