ပူတာအို ၇ မေ
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မန်စေခွန်ကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မန်စေခွန်ကျေးရွာ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းအတွက် အရှည် (၄)မိုင်ကို ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်းပေါင်း (၃၀)ဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ကုမ္ဗဏီက တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများသည် ဂါလံ(၅၀ဝ၀)ဆံ့ရေစုကန်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းတူးဖော်နေခြင်း၊ ရေတားတမံ တည်ဆောက်ထားခြင်း၊ ရေစုကန်တည်ဆောက်ထားခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကာ ကုမ္ပဏီတာဝန်ရှိသူများအား အရည်အသွေးပြည့်မီစေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)


