၂၉  သြဂုတ် 

အမျိုးသားတွေနဲ့ အမျိုးသမီးတွေသိချင်နေမယ့် အချက်လေးတစ်ခုကို ဒီဆောင်းပါးလေးထဲကနေ ဖြေပေးပါရစေနော်။ ဒါကတော့ လေဒီလေးတွေရာသီလာနေစဉ်မှာ အတူနေတာက စိတ်ချရရဲ့လား။ ဘာတွေဖြစ်နိုင်မလဲဆိုတဲ့ အချက်ပေါ့။

ရာသီလာနေစဉ်မှာ အတူနေလို့ရလား။

ရာသီလာနေစဉ်မှာ အတူနေလို့ရလားဆိုရင်တော့ အတူနေလို့ရပါတယ်။ ဒါဆိုရင် ဆက်မေးစရာရှိမှာက ကိုယ်ဝန်ရသွားနိုင်လားဆိုတဲ့ မေးခွန်းဖြစ်မယ်ထင်ပါတယ်။ ဒါကတော့ ဖြစ်ခဲတယ်ပဲပြောရမှာပါ။ ကလေးလိုချင်တဲ့ စုံတွဲတွေအနေနဲ့ဆိုရင် ဒီအချိန်မှာ အတူမနေသင့်ပါဘူး။ အကြောင်းကတော့ ရာသီလာနေစဉ်မှာ အတူနေခြင်းက ကလေးရရှိနိုင်ခြေ ပုံမှန်ထက်နည်းနေတာကြောင့်ပါ။

ဒီနေရာမှာသတိထားရမယ့်အချက်တစ်ခုက  အမျိုးသားရဲ့ သုက်ပိုးက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်ပတ်လောက်အထိ ရှင်သန်နေနိုင်ပါတယ်။  လေဒီတစ်ယောက်နဲ့တစ်ယောက်က ရာသီစက်ဝန်းမတူနိုင်ပါဘူး။ လေဒီတစ်ယောက်တည်းမှာတောင် ရာသီစက်ဝန်းက အမြဲတစ်ထပ်တည်းမကျနိုင်ပါဘူး။ တကယ်လို့ရာသီစက်ဝန်းက ၂၈ ရက်မဟုတ်ဘဲ ၂၂ ရက်စက်ဝန်းဖြစ်နေမယ်ဆိုရင် ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ကလေးရနိုင်ခြေကပိုများနေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ရာသီလာနေစဉ်မှာ အတူနေမယ်ဆိုရင် အမျိုးသားက အကာအကွယ်သုံးတာပါ။

ရာသီလာနေစဉ်မှာအတူနေခြင်းက ဆိုးကျိုးရှိလား။

ရာသီလာချိန်မှာ အတူနေတာက လုံခြုံစိတ်ချရမှုအပြည့်အဝတော့မရှိပါဘူး။ ရာသီလာနေစဉ်မှာ အတူနေခြင်းကြောင့် လိင်ကနေဆင့် ကူးစက်တဲ့ရောဂါတွေအများကြီးကူးစက်နိုင်ခြေရှိနေပါတယ်။ ဒါ့အပြင် မိန်းမကိုယ်ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်သလို ရာသီလာချိန်မှာ ဟော်မုနး်အပြောင်းအလဲကြောင့် မိ်းမကိုယ်မှိုပိုးဝင်တာမျိုးလည်းခံစားရနိုင်ပါတယ်။ အမျိုးသားတွေမှာလည်း ဒီအချိန်မှာ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ကူးစက်ခံရနိုင်ခြေပိုများနေနိုင်ပါတယ်။ ရာသီလာစဉ် အတူနေခြင်းကြောင့်

Chlamydia (လိင်ကနေတဆင့်ကူးစက်နိုင်သောဘက်တီးရီးယားပိုး ကူးစက်ခံရခြင်း)

လိင်အင်္ဂါကြွက်နို့
ဆီးပူညောင်းကျရောဂါ
လိင်အင်္ဂါရေယုန်
ခုခံအားကျဆင်းမှုကူးစက်ရောဂါ
ကာလသားရောဂါအပါအဝင် လိင်အင်္ဂါမှာပေါက်တဲ့ ယားနာလိုမျိုး ပြဿနာတွေကိုပါခံစားရနိုင်ပါတယ်။
ရာသီလာနေစဉ်မှာ အတူနေခြင်း ကကောင်းကျိုးရောရှိလား။
ရာသီလာနေစဉ်မှာ အတူနေတာက ဆိုးကျိုးပဲရှိတာတော့ မဟုတ်ပါဘူး။ ကောင်ကျိုးတွေလည်းရှိနိုင်ပါတယ်။ ဒါကတော့ ရာသီလာစဉ်မှာ အတူနေခြင်းကြောင့် ရာငီသွေးဆင်းရက်တိုသွားတာ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုသက်သာစေတာ
စိတ်ဖိစီးမှုလျော့ကျစေတာ
ကောင်းကောင်းအိပ်ပျော်စေတာ
ခေါင်းကိုက်တာကို သက်သာစေတာ
ကိုယ်ခံအားကောင်းစေတာ
ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်စေတာစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်ပါတယ်။

ရာသီလာနေစဉ်မှာ အတူနေတော့မယ်ဆိုရင် ဘာတွေလုပ်ဆောင်ရမလဲ။

ရာသီလာနစဉ်မှာ အတူနေတော့မယ်ဆိုရင်

ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ရာသီသွေးဆင်းနေတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းအသိပေးထားပါ။

လစဉ်သုံးပစ္စည်းကို မကြာခဏလဲလှယ်ပေးပါ။ ဘက်တီးရီးယားတွေပေါက်ဖွားမှုကနေ ကာကွယ်နိုင်ဖို့ပါ။

အကာအကွယ်သုံးပါ။

ဆက်ဆံခြင်းမပြုခင်မှာ ရေချိုးပါ။

Tampon အသုံးပြုထားတယ်ဆိုရင် ဆက်ဆံခြင်းမပြုခင်မှာ ဖယ်လိုက်ပါ။
အိပ်ရာခင်းပေါ်မှာ ရေစုပ်တဲ့ တဘက်စကြီးကြီးတစ်ခုကို ဖြန့်ခင်းထားပေးပါ။ 
ပေကျံမှုကနေ ကာကွယ်ဖို့အတွက်ပါ။

အိပ်ရာဘေးနားမှာ wet tissue ဒါမှမဟုတ် ရေစိုဝတ်စသန့်သန့်တစ်ခုယူထားပေးပါ။

မဆက်ဆံခင်မှာ ချောဆီသုံးပေးပါ။

ရေးသားသူ - Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”