နေပြည်တော် ၂၀  ဧပြီ

 

ယနေ့ နံနက် ၇ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ခင်ဇော် ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွား၍ နေအိမ် (၃၂) လုံးမီးလောင်ဆုံးရှုံးခဲ့သည့် မကွေးမြို့နယ်၊ ကြို့ပင်ကျေးရွာသို့ သွားရောက်ကာ မီးဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

1

 

ယင်းသို့ လှူဒါန်းရာတွင် အိမ်ခြေ(၃၂)အိမ်အတွက် အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် (၅၀,ဝ၀ဝ) နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၆) သိန်းအား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီး မီးလောင်ထားသည့် အပိုင်းအစများ၊ ပြာမှုန့်များကိုလည်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

 

MDN

 

1