နေပြည်တော်  ၁၂   ဧပြီ 

 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အမှတ်(၁)ရဲလေ့ကျင့်ရေးကျောင်း၊ ရမည်းသင်းမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီ ၁၂ ရက်ထိ ဖွင့်လှစ်သင်ကြားခဲ့သည့် ရဲတပ်သားသစ် (အမျိုးသမီး) သင်တန်း အမှတ်စဉ်(၄၉/ ၂၀၁၈)  စည်သူတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို  ယနေ့ နံနက် ၇ နာရီခွဲက အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်းတွင် ကျင်းပသည်။

 

ရှေးဦးစွာ ကျောင်းအုပ်ကြီး၊ ရဲမှူးကြီး စိုးလွင်မိုးမှ ကျောင်းဆင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူကာ သင်တန်းဆင်းတပ်ခွဲများကို လိုက်လံစစ်ဆေး၍ စံပြ ကျောင်းသူဆုနှင့် လေ့ကျင့်ရေးထူးချွန်ဆုရ ကျောင်းသူ ခိုင်ရည်ရှင်းသန့်၊ ဥပဒေ ထူးချွန်ဆုရ ကျောင်းသူ နှင်းလဲ့ရည်၊ ရဲကျင့်ဝတ်ထူးချွန်ဆု ရကျောင်းသူ သန်းမြနှင့် သေနတ်ပစ်ထူးချွန်ဆုရ ကျောင်းသူ အေးချမ်းမော်တို့အား ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ကျောင်းအုပ်ကြီးမှ သင်တန်းဆင်း အမှာစကားပြောကြားပြီး ကျောင်းဆင်းသင်တန်းသူများမှ တန်းစိတ်ပုံ၊ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြု ခြင်းကို ခံယူသည်။ကျောင်းဆင်းသင်တန်းသူ(၉၈)ဦးရှိပြီး သင်တန်းဆင်းပွဲသို့ အရာရှိ/အခြားအဆင့် တပ်ဖွဲ့ဝင်(၁၃၀)ဦး ၎င်းတို့၏မိဘဆွေမျိုးများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN