နေပြည်တော်၊ အောက်တိုဘာ ၁

 

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်၊ မြန်မာစံတော်ချိန်  ၁၇ နာရီ၊  ၀၆ မိနစ်တွင် ကမ္ဘာအေး မြေငလျင်စခန်းမှ အရှေ့ဘက် (၃၈) မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း (ခရမ်းမြို့၏ အရှေ့တောင်ဘက် (၁၂) မိုင် ခန့်အကွာတွင် ငလျင်တစ်ခု လှုပ်ရှားသွားသည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၁၆ ဒသမ ၈၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၇၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ၉) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။

 

MDN