ရန်ကုန် ၂၃ မေ
ထိုင်းနိုင်ငံတွင် မေ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပသော ထိုင်းဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲ (Thailand Open Track & Field,2019) ၌ မြန်မာနိုင်ငံ ပြေးခုန် ပစ်အဖွဲ့မှ အေးအေးအောင်က မီတာ(၁၅၀ဝ (4:55.34) ဖြင့် ရွှေတံဆိပ်(၁)ခု၊ ဆွေလီမြင့် မီတာ(၈၀ဝ) (2:15.19) ဖြင့် ငွေတံဆိပ်(၁)ခု၊ အေးအေးအောင်/ ဆွေလီမြင့် /သီသီမွန်/အေးအေးသန်းတို့က မီတာ (၄၀ဝ x ၄) (3:58.0) ဖြင့် ငွေတံဆိပ် (၁)ခု၊ အမျိုးသားမီတာ (၃၀ဝ၀) တားဆီးကျော် ရှိုင်းအောင် က (9:57.34) ဖြင့် ငွေတံဆိပ် (၁)ခု၊ အမျိုးသား မီတာ (၁၅၀ဝ) ဇာနည်ထွန်း (4:01.66) ဖြင့် ငွေတံဆိပ် (၁)ခု၊ သီသီမွန်က မီတာ (၄၀ဝ) (57.60) ဖြင့် ကြေးတံဆိပ်၊ အေးအေးသန်းက မီတာ (၁၅၀ဝ) (4:59.74) ဖြင့် ကြေး တံဆိပ်ဖြင့် စုစုပေါင်း ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ် (၂) ခုဆွတ်ခူး ရရှိခဲ့သည်။
အောင်ပွဲရအဖွဲ့ခေါင်းဆောင် ဦးသိန်းသန်းနိုင်(အား/ကာ) လက်ထောက် ညွှန်ကြားရေးမှူးနှင့် မြန်မာပြေးခုန်ပစ်အဖွဲ့သည် ယမန်နေ့ည(၉)နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ခင် (နည်းစနစ်ချုပ်)၊ အတွင်းရေးမှူး ဦးကျော်ထူးအောင်နှင့် အမှုဆောင်များ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများက ကြိုဆိုခဲ့ကြသည်။
(သတင်းစဉ်)


