ရေ ၊ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ရေးသင်တန်း ဖွင့်လှစ် 

နေပြည်တော် ၂၂ ဇန်နဝါရီ


မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန၊ ရေ၊ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဆိုင်ရာ ယူနစ်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနတို့မှ ပူးပေါင်း ဖွင့်လှစ်သည့် ရေ ၊ ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဆိုင်ရာ အရေးပေါ် တုံ့ပြန်ရေးသင်တန်းကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးချုပ် သင်တန်းခန်းမ၌ ဇန်နဝါရီလ ၂၂ ရက် နံနက် ၈ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူနှင့် အချိန်ပြည့် အလုပ်အမှုဆောင်များ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Mr. Wirakhman Maharlika Somantri ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေ အတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ စေတနာလုပ်အားရှင် သင်တန်းသားများ၊ ဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ 


ဖွင့်ပွဲ အခမ်းအနားတွင် ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ ဒေါ်မြသူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် သင်တန်းသားများ စုပေါင်းဓာတ်ပုံ ရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


သင်တန်းတွင် အရေးပေါ်ကာလတွင် ရေကောင်းရေသန့် ရရှိရေးနှင့် ပတ်ဝန်းကျင်/ တစ်ကိုယ်ရည် သန့်ရှင်းရေး စသည့်သင်ခန်းစာများကို စာတွေ့လက်တွေ့ နှစ်မျိုးလုံးဖြင့် ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကြက်ခြေနီတပ်ဖွဲ့ဝင်နှင့်ဝန်ထမ်းများ (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။ 


MDN