သံတောင် ၃ ဧပြီ
ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကရင်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ကြီးမှူးကျင်းပပြီး Generating Rubber Opportunities Myanmar မြန်မာ့ရော်ဘာအခွင့်အရေးနှင့် ပြန်လည် မြှင့်တင်ရေးမှ ကူညီပံ့ပိုးသော ရော်ဘာအစေးခြစ်ခြင်းနှင့် ခြံပြုစုထိန်းသိမ်းခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သံတောင်မြို့ ပသိခန်းမတွင်ကျင်းပပြု လုပ်သည်။
ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နော်ခရစ္စထွန်းနှင့် ကရင်ပြည်နယ် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယ ဥက္ကဋ္ဌ စောတင်မောင်စိန်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ဆက်လက်၍ကရင်ပြည်နယ် စိုက်ပျိးရေးဦးစီးဌာနမှ ဒုပြည်နယ်မှူး ဒေါ်ခင်သီနွယ်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ပြီးနောက် (GRO Myanmar)တာဝန်ခံ ဦးကျော်စွာဝင်းက သင်တန်းနှင့် ပတ်သက်သော အချက်အလက်များ ရှင်းလင်း ပြောကြားသွားသည်။
အဆိုပါသင်တန်းကို ဧပြီ(၃)ရက်မှ (၇)ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား(၆၁)ဦး တက်ရောက်ခဲ့ကြောင်း သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
MDN


