ရေတာရှည်  ၈   ဧပြီ 

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ယခင်နှစ် ဆွာချောင်းဆည်တမံ ပင်မရေပိုလွှဲကျိုးပေါက်မှုကြောင့် ရေကြီးရေလျံဖြစ်စဉ်၌ တံတားအလယ်တိုင်နိမ့်ကျသွားခဲ့သော ဆွာမြို့အရှေ့ဘက် ရေနီ ကွန်ကရစ်တံတားအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်ချက်ဖြင့် ဧပြီ ၈ ရက်နေ့နံနက်ပိုင်း ကပြုပြင်မှုများစတင်ပြီဖြစ်သည်။

 

အရှည် ပေ ၅၀ဝ ကျော်ရှိ အဆိုပါကွန်ကရစ်တံတားအား ဆွာမြို့ နှင့် ဆွာချောင်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၁၄ ရွာမှ ဒေသခံများ၏စုပေါင်းလှူဒါန်းထည့်ဝင်ငွေဖြင့် ၂၀ဝ၅ ခုနှစ်တွင် တည်ဆောင်ပြီးစီးခဲ့ပြီး အခမဲ့လူကူးတံတားအဖြစ် ဖွင့်လှစ်ပေးခဲ့၍ ဒေသတွင်းခရီးသွား လာမှုများစွာ အဆင်ပြေခဲ့ရသည်။

 

တိုင်းဒေသကြီး ဝန်ကြီးချုပ် ခရီးစဉ်အတွင်း ဒေသခံများ၏ တံတားပြုပြင်နိုင်ရေးအတွက် အခက်အခဲများကို တင်ပြခဲ့ရတွင် ဝန်ကြီးချုပ်၏လမ်းညွှန်ချက်များအရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားတည်ဆောက် ရေး အထူးအဖွဲ့ (၉) မှတာဝန်ယူ၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)