ရွှေဘို ၅ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပြည်သူ့ ဆေးရုံကြီးတွင် အလှူရှင်များမှ သွားနှင့်ခံတွင်းဌာနသုံး စက်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ဧပြီ ၄ ရက်၊ မွန်းလွဲ ၃ နာရီက အဆိုပါ ဆေးရုံအစည်းအဝေး ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဦးကျော်ဌေး+ဒေါ်ယဉ်ယဉ်ထွန်း မိသားစုမှ သွားကုစက်ခုံကိုလည်းကောင်း၊ Dr မောင်မောင်ဦး+ Dr ဝင်းမာသစ် မိသားစုမှ သွားကုစက်ခုံကိုလည်းကောင်း၊ ဦးခင်မောင်အေး+ ဒေါ်လှလှချင်း မိသားစုမှ ချွဲစုပ်စက်နှင့် လေအေးပေးစက် များကိုလည်းကောင်း၊ ဦးဘုန်းမြင့်ဦး+ ဒေါ်စန်းအေး မိသားစုမှ အလှူငွေ(၁)သိန်း ကျပ်ကိုလည်းကောင်း၊ ဦးဝင်းမောင် မိသားစုမှ အလှူငွေ(၁)သိန်းကျပ် ကိုလည်းကောင်း၊ ဒေါ်တင်တင်အေး ပါမောက္ခ(ငြိမ်း) အင်္ဂလိပ်စာဌာနမှ အလှူငွေ(၁)သိန်းကျပ်နှင့် ဦးအောင်မောင်း+ ဒေါ်ခင်မြင့်ဝင်း မိသားစုမှ အလှူငွေ(၁၂၅၀ဝ၀)ကျပ် ကိုလည်းကောင်း ရွှေဘိုမြို့ပြည်သူ့ ဆေးရုံအုပ်ကြီး Dr မောင်မောင်စိုးထံ ပေးအပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။ ယခုလို ဆေးရုံကြီး၏ လိုအပ်ချက် ကွက်လပ်များကို တစ်ထောင့်တစ်နေရာမှ လှူဒါန်းပေးသည့်အတွက် အထူးပင် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
ထွန်းမြင့်အောင် (ရွှေဘို)


