ရွှေဘို    ၂၅   မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပိတောက်ခေါင်းကျေးရွာအနောက်ဘက်၌ မတ် ၂၄ ရက် ညပိုင်းက လူတစ်ဦး မီးရထားနှင့်တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် မြင်းကသာ ရဲကင်းရဲစခန်းမှူး ဒုတိယရဲအုပ် လွင်မိုးအောင်ထံမှ သိရသည်။

 

ဖြစ်စဉ်မှာ မတ် ၂၄ ရက် ည ၆ နာရီ မိနစ် ၄၀  ခန့်က ရွှေဘို - မြင်းကသာမီးရထားလမ်း မိုင်တိုင်အမှတ် ၄၄၆ / ၆ နှင့် ၇ ကြား ပိတောက်ခေါင်းကျေးရွာ အနောက်ဘက်တွင် လူတစ်ဦး မီးရထားနှင့် တိုက်မိသဖြင့် သေဆုံးကြောင်း သတင်းအရ မြင်းကသာရဲကင်းရဲစခန်းမှူး ဒုတိယ ရဲအုပ်လွင်မိုးအောင် သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ  မန္တလေး - ကောလင်းအဆန်ရထား စက်ခေါင်း အမှတ် RBE 3031 အား စက်ခေါင်းမောင်း ဦးအောင်ကျော်ဦး မှ မောင်းနှင်လာစဉ် ပိတောက်ခေါင်း ကျေးရွာအနောက်ဘက်အရောက် ရထားသံလမ်းပေါ်တွင် အိပ်နေသည့် ပိတောက်ခေါင်းကျေးရွာ ရွှေဘိုမြို့နယ်နေ အုန်းလွင် (၅၇ နှစ်) မှာ ရထားနှင့်တိုက်မိပြီး ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေဘိုမြို့မရဲစခန်းမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)