ကသာ ၂၄ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်အတွင်းရှိ အောင်မြေဘုရားဝင်းအတွင်းမှ ဆိုင်ကယ်ခိုးယူသူများ ဖမ်းမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် လှည့်ကင်းဆောင်ရွက်နေစဉ် ရွှေဘိုမြို့၊ အမှတ် (၆)ရပ်ကွက်၊ အောင်မြေဘုရားဝင်းအတွင်း၌ ရွှေဘိုမြို့နယ် လက်လှုပ်ကျေးရွာနေ နန်းလင်း(ခ)ဂျော်ကာ၊ ဒီပဲယင်းမြို့နယ်၊ ကုန်းတဲကျေးရွာနေ အောင်မြင့်သန်း၊ ဟိန်းမိုး(ခ)ကိုကိုနိုင်၊ ကျော်မျိုးနိုင်(ခ)ဘဂျမ်းနှင့် နန်းဇော်တို့ ၅ ဦးအား ဆိုင်ကယ် ၂ စီး၊ ဆိုင်ကယ်သော့ဖြုတ်ရာတွင် အသုံးပြုသော သော့တု ၁ ချောင်းတို့အား တွေ့ရှိရသဖြင့် မသင်္ကာ၍ ဖမ်းဆီးစစ်မေးရာ ၎င်းတို့ခိုးယူထားသော ဆိုင်ကယ်(၁၅)စီး ပြန်လည်သိမ်းဆည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်ခိုးယူသူ နန်းလင်း(ခ)ဂျော်ကာပါ ၅ ဦးအား ရွှေဘိုမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
လူအောင်(ကသာ)


