ရွှေဘို   ၂၉  မတ်


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် နွေရာသီ ကျောင်းပိတ်ရက်ကာလ ကျောင်းသား ကျောင်းသူများများ အကျိုးရှိစေရန် အခြေခံအင်္ဂလိပ်စာ သင်တန်း (အခမဲ့) ကို ယနေ့ နံနက် ၉ နာရီက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက ဒေါက်တာ တင်ဝင်းက အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းဇော်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။


အဆိုပါသင်တန်းကို တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ဆရာမဒေါ်ငြိမ်းငြိမ်းစိုးမှ နေ့စဉ် နံနက် ၉ နာရီမှ ၁၁ နာရီအထိ နှစ်လကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။


သင်တန်းသို့  ကျောင်းသား ကျောင်းသူ ၂၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။


စိုးသီဟ(ပြန်/ဆက်)