ရေစီးရေလာကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ၅ ရပ်ကွက်ရှိ စွယ်တော်မြတ်စေတီတော်လမ်းတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စွယ်တော်မြတ်စေတီ မင်္ဂလာကန်တော် သံကူကွန်ကရိတံတား လူလျှောက်လမ်း တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးသည်။

ဆက်လက်၍ မင်္ဂလာဒုံမြို့နယ်နှင့် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်သို့ ဆက်သွယ်သည့် ခရေပင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရွှေပြည်သာမြို့နယ် ငွေပင်လယ်စက်မှုဇုန်ရှေ့ မြေသားမြောင်းတူးဖော်နေမှု၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ် အဝင်လမ်း လမ်းသား တိုးချဲ့ခင်းကျင်းရန် မြေညှိပြုပြင်နေမှု၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ဝင်း ပင်မ(၄) ထပ်ဆောင်ရှေ့ ရေကန် တူးဖော်ပြီးစီးမှု၊ ပန်းဥယျာဉ်နှင့် အားကစားကွင်း များဌာနမှ ရေကန်ပတ်လည် စိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များနှင့် ယိုးဒယားဘဲစား မြက်များ စိုက်ပျိုးထား ရှိမှု၊ မြေယာရှုခင်းဆောင်ရွက်ထားမှု၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၂၀) ရပ်ကွက်၊ မင်းရဲကျော်စွာ(၉)လမ်းကို ကွန်ကရိခင်းကျင်းနေမှု၊ ကျုံစုကျေးရွာ၊ သမိုင်းဝင်ရွှေရင် အေးစေတီတော်ဝင်းအတွင်း စွန့်ပစ်အမှိုက်များ ရှင်းလင်းနေမှု၊ လှိုင်သာယာ မွေးမြူရေးဇုန်(ဝက်)အသားထုတ်လုပ်ရုံ၊ ရေဆိုးသန့်စင်ကန် တည်ဆောက်ခြင်း လုပ်ငန်းဆောင် ရွက်နေမှု၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ရန်ကုန်-ပုသိမ်လမ်းနှင့် ရန်ကုန်-ညောင်တုန်းလမ်းဆုံရှိ ဘုရင့် နောင်ပန်းခြံ တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

သတင်းစဉ်