ရေစကြို  ၃   ဧပြီ  

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဗလဗကျေးရွာအုပ်စု ဗလဗကျေးရွာ မြစ်ကမ်းပါးပြိုကျမှု ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းများ ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (AIRBM)မှ ကူညီပံ့ပိုးမှုဖြင့် ရေအရင်းမြစ်နှင့်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သောင်တူးဌာနမှ   သောင်တူးစက်ကြီးများဖြင့်   ရေ လမ်းကြောင်း လွှဲပြောင်းခြင်း၊ မြေနေရာ ရှင်းလင်းခြင်း၊ သဲအိတ်စီခြင်း၊ မြေညှိခြင်း၊ ထန်းလုံးထိုးခြင်း၊ Geo Textile ခင်းခြင်း၊ GeoBag ဖိခြင်းလုပ်ငန်းများ၊ Key Line ပြုလုပ်ခြင်း လုပ်ငန်းများအား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ပထမပတ် မှစတင်၍ လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ရာ ၄၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန  ဦးရဲအောင် အငယ်တန်းအင်ဂျင်နီယာ(၁)ထံမှသိရသည်။

 

1

 

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ရေစကြိုမြို့နယ် ဗလဗကျေးရွာတွင် ၂၀၁၆ မှ ၂၀၁၈ ခုနှစ် သုံးနှစ်အတွင်း အိမ်ထောင်စု ၉၈ စု ရွှေ့ပြောင်းခဲ့ရပြီး ဉာတိကာရုံ ကျောင်းတိုက်ဝင်းအတွင်း သိမ်ကျောင်းဆောင် တစ်ဆောင်၊ ရွှေဘုံသာမြတ်စွာဘုရားကြီး(ဓမ္မရံသီ)အနီးမှ သံဖြင့် ဆောက်လုပ်ထားသည့် တန်ဆောင်းတော် တစ်ဆောင်၊ အုတ်တန်ဆောင်းတော် တစ်ဆောင်၊ ဉာတိကာရုံ ကျောင်းတော်ကြီးနှင့် အိမ်ခြေ ၁၇၀ မီးပေးနိုင်သည့် မီးစက်ကြီးထားသည့် အဆောက်အဦတို့ မြစ်ကမ်းပါး တိုက်စားပြိုကျ ပျက်စီးခဲ့ရသည်။

 

1

 

ရေအရင်းမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း ဉာတိကာရုံ ကျောင်းတိုက်ဝင်းရှိ သက္ကရာဇ် ၅၅၇ ခုနှစ်က   အလောင်းစည်သူမင်းကြီး၏ သားတော်သမီးတော် မြေးတော်မြစ်တော် ဝေဠုဝတီ မင်းသမီးတို့ တည်ထားကိုးကွယ်ခဲ့သည့် ဓမ္မရံသီ(ခေါ်) ရွှေဘုံသာမြတ်စွာဘုရားကြီး မြစ်မခစေရေး မြစ်ကမ်းပါး တစ်လျှောက်(PolyFelt) အစများခင်းခြင်းကြောင့် မြစ်ကမ်းပါးပြိုကျမှုကို အထိုက်အလျောက် ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ယခုအခါ ကမ္ဘာ့ဘဏ်မှ အကူအညီပေးမှုဖြင့် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သောင်တူးဌာနမှ သောင်တူးစက် စက်ယန္တယားကြီးများဖြင့် သောင်ထွန်းနေသော ဗလဗကျေးရွာမြစ် တစ်ဘက်ကမ်းဘက်မှ သဲသောင်များအား ဗ-၆၀၄ သောင်တူးရေယာဉ် နှစ်စီးဖြင့်လည်းကောင်း သြဂုတ်လ တတိယပတ်တွင် သောင်တူးသင်္ဘော caterpillar အမျိုးအစားစက်ကြီး 3512-B/954.5KW/caterpillar C18၊338.5KW စတင်သောင်တူးလာခဲ့ရာ ရေစီးကြောင်း ပြောင်းလဲပေးနိုင်ပြီဖြစ်ကြောင်း ရွာဘက်ခြမ်း မြစ်ကမ်းပါး ပြိုကျတိုက်စားမှု အရှိန်လျော့ကျစေရန်   သဲသောင်အား ဖြတ်ဖောက်ပြီး  မြစ်ရေစီးကြောင်း လွှဲပေးနေကြောင်း BD-3  မြစ်ကြမ်းပြင် တူးမြေတူးစက်ဖြင့် တူးဖော်ပြီး မြေသယ်ရေယာဉ်ဖြင့် မြေများသယ်ယူကာ ရွာဘက်ခြမ်း ရေစီးသန်သော ရေလမ်းကြောင်းမှ သဲများချကာ မြစ်ရေစီးကြောင်း ပြောင်းလဲပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ပထမပတ်တွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် (AIRBM) ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ ဓမ္မရံသီ(ရွှေဘုံသာ)မြတ်စွာဘုရားကြီး အထက်ဘက်တွင် ပေ(၁၃၀ဝ) ထန်းလုံးပိုင်တိုင်များ နှစ်တန်းသွားစိုက်ထူကာ မျောတန်းများဖြင့် ထန်းပိုင်တိုင်တန်းအားခြုပ်ထားပြီး ကြားထဲသို့ သဲအိတ်များချထားခြင်းနှင့် ဘတ်ဟိုးစက်ကြီးများဖြင့် ကမ်းပေါ်မှ ရေစပ်အထိ ဆင်ခြေချော နှစ်ထပ်ဖောက်ကာ Poly Fet စခင်းပြီး Geo Bag အိတ်များဖိထားမည်ဖြစ်ကြောင်း ရွှေဘုံသာမြတ်စွာဘုရားကြီး အောက်ဘက် ပေ(၇၀ဝ)တွင်လည်း အလားတူ ထန်းတိုင်များ၊ Poly Fet စများခင်းပြီး Geo Bag ဖုံးအုပ်မည်ဖြစ်ကြောင်း သိရသည်။ ရွှေဘုံသာမြတ်စွာဘုရားကြီး ကပ်လျက် နေရာတွင် ကွန်ကရစ်ပိုင်တိုင် ၉၃ လုံး ရေထဲ (မြစ်ကမ်းစပ်အနက်ပေ၊ ၈၀ မှ ၆၀ပေ ၊၄၀ပေ ဘုရားကြီးဘက်သို့ ကွန်ကရစ်ပိုင်တိုင်များ ပေ(၃၀ဝ)အတွင်း စိုက်ထူပြီး ကွန်ကရစ် ကျောက်ရိုးစီခြင်း၊ ကွန်ကရစ်နံရံ ကာခြင်းများပြုလုပ်ပြီး မူလရှိခဲ့သည့် ဘုရားရင်ပြင်တော်အတိုင်း ပြန်ပြီးပြုလုပ်ပေးမှာဖြစ်ကြောင်း အငယ်တန်းအင်ဂျင်နီယာ(၁) ဦးရဲအောင်က ဆက်လက်ပြောပြသည်။

 

ယခုအခါ ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့်(AIRBM)ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ ကူညီမှုဖြင့် ရေစကြိုမြို့နယ် ဗလဗကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဘိုးပိုင်အခြေပြု ကွန်ကရစ်ပြားကပ် တမံအလျား (၃၀ဝ) ပေ ပြီးစီးမှု မြေနေရာရှင်းလင်းခြင်း ပေ(၂၄၀ဝ) ပြီးစီးကာ၊ သဲအိတ်ခင်းခြင်း ကု/ပေ (၃၄၄၀ဝ၀)ပြီးစီးကာ၊ Geo Tube (၅၀)ခု ချ၍ပြီးစီးခြင်း၊ ဘိုးပိုင်တူးခြင်း(၉၃)လုံး စိုက်ထူရန်အတွက် (၂၁)လုံးပြီးစီးခြင်း၊ Pile Cap(Beam)ပေ(၉၀ဝ) လျာထားပြုလုပ်နေခြင်း၊ Cut Off ပြုလုပ်ခြင်း၊ ကျောက်ပြားပြုလုပ်ခြင်း လျာထား(၆၀ဝ၇)ချပ်လျာထားရာ (၁၆၅၀)ချပ် ပြီးစီးခြင်း၊ တမံကျောက်ပြားကပ်ခြင်း လျာထား(၁၅၀၁၈)စ/ပေလျာထားခြင်း၊ Column တိုင် (၁၀)ပြုလုပ်လျာထားခြင်း Sheer Wall (၉၀)ပေပြုလုပ်ရန်လျာထားခြင်း၊Top Wall (၂၁၀)ပေ ပြုလုပ်ရန် လျာထားခြင်းများ ပြုလုပ်ခြင်းအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရကာ ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (AIRBM)မှ ကူညီပံ့ပိုးမှုဖြင့် (၄၂)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

 

ကျွန်တော်တို့ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအတွက် မြန်မြန်ပြီးဖို့ အတော်နီးနေပါပြီ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းမစခင် အချိန်တွင် လိုအပ်သည့် ပစ္စည်းများ စုဆောင်းရခြင်း၊ လုပ်သားရှာဖွေရခြင်း၊ စက်ယန္တားများ သယ်ယူရွေ့ပြောင်းရခြင်း၊ ကွန်ကရစ်ပိုင်တိုင်များအတွက် သံချီသံကွေး လုပ်ဆောင်နေရခြင်းများ လိုအပ်သော ပစ္စည်းစုဆောင်းနေရခြင်းများက လုပ်ငန်းပိုမို ကြန့်ကြာစေကာ ယခုအခါ ရေကာတမံ၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ အစုံအလင် ရှိနေပြီ ဖြစ်သောကြောင့် မကြာမီ ရာခိုင်နှုန်း ပြည့်ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။

 

‌မောင်မောင်ထိန်(ကျောက်ပန်းတောင်း)