ရေစကြို ၃၁ မတ်
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ဗလဗကျေးရွာရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းခန့် လုပ်ငန်းများ ပြီးစီးပြီဖြစ်ကြောင်း ရေအရင်းမြစ်နှင့် မြစ်ချောင်းများ ဖွံ့တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှု ကာကွယ်ရေးလုပ်ငန်းများကို မကွေးတိုင်းဒေသကြီး မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထန်းလုံးရေကာတာနှင့် မျှောတိုင်များဖြင့် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
မြစ်ကမ်းပါးပြိုကျမှု ကမ်းပါးထိန်းလုပ်ငန်းများတွင် ရေလွှဲရေကာအတွက် မြစ်အတွင်းဘက်သို့ ပေ ၁၆၀ဝ နှစ်တန်းသွား ထန်းလုံး ၁၂၆ အား မြေသားအဝင် ၁၇ ပေအထိရိုက်ကာ ထန်းတစ်လုံးနှင့် တစ်လုံး ၁၀ ပေအကွာ တန်းထားပြီး ၁၈ ပေရှိ သစ်သားမျှောဖြင့် ထန်းလုံးများအား ချည်တုပ်ခြင်း၊ သဲအိတ်များထည့်ကာ တည်ဆောက် ကာရံထားခြင်းဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


