နေပြည်တော် ဩဂုတ် ၁၀

 

နေပြည်တော် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများသို့ ပြည်ထောင်စုဘတ်ဂျက်မှ အရင်းမပျောက် မတည်ငွေ ကျပ်သိန်း ၁၆၀ နှင့် တိုးပွားငွေများဖြင့် ပဉ္စမအကြိမ်မြောက် မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ကျေးရွာရှိ KC ခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားသို့ နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့် တက်ရောက်၍ သွင်းအားစုများကို မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုစေလိုကြောင်းနှင့် သီးနှံပေါ်ချိန်တွင် တက်ညီလက်ညီဖြင့် ပြန်လည်ပေးဆပ်ရန်လိုအပ်ကြောင်း၊ မိမိ၏အသင်းဝင်ငွေ ရရှိဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိတို့ကျေးရွာအတွက် အကျိုးပြုလုပ်ငန်းများ၊ အသင်းသား မိသားစုများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်း မှာကြားသည်။

 

ထို့နောက် အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်မှာကြာပြီး မျိုး၊ သွင်းအားစုများအတွက် ပဉ္စမအကြိမ်မြောက် ပံ့ပိုးငွေကျပ်သိန်း ၂၇၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်