ရွေးကောက်ပွဲ မသမာမှုများ ရှိသည်ဆိုသည့် ပြောကြားချက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ပယ်ချ

ဒါကာ ၁  ဇန်နဝါရီ 


ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲတွင် မသမာမှုများ ရှိခဲ့သည်ဆိုသည့် အတိုက်အခံများ၏ ပြောဆိုချက်အပေါ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် ပယ်ချခဲ့ကြောင်း သိရသည်။


ရွေးကောက်ပွဲသည် မျှတမှုမရှိကြောင်း အတိုက်အခံများ၏ မေးခွန်းထုတ်မှုအပေါ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ပယ်ချခဲ့သည့်အပြင် အတိုက်အခံများဘက်တွင် ခိုင်မာသည့် ခေါင်းဆောင်ကောင်း မရှိသလို မဲဆွယ်စည်းရုံးမှုများကိုလည်း တက်ကြွစွာ လုပ်ဆောင်ခြင်းမရှိခဲ့ကြောင်း ၎င်း၏ ဝန်ကြီးချုပ်အိမ်တော်တွင် သတင်းထောက်များ၊ ရွေးကောက်ပွ ဲလေ့လာစောင့်ကြည့်သူများကို ပြောခဲ့သည်။


ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိကြောင်းနှင့် ၎င်းအတွက် မေးခွန်းထုတ်စရာ မလိုကြောင်း၊ ရွေးကောက်ပွဲအတွက် မိမိအနေဖြင့် လိပ်ပြာသန့်ကြောင်း ရှိတ်ဟာဆီနာက ဆက်လက်ပြောကြားခဲ့သည်။


ထို့အတူ အတိုက်အခံများဘက်မှ တောင်းဆိုသလို ရွေးကောက်ပွဲကို ပြန်လည်ကျင်းပမည်မဟုတ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အေအမ် နူရယ်ဟူဒါက ပြောသည်။


မဲပေးသည့်နေရာတွင်လည်း မရိုးသားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်မလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


အသက် ၇၁ နှစ်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အဝါမီလိဂ် ပါတီ ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့သည် လွှတ်တော်အမတ်နေရာ ၃၀ဝ ရှိသည့်အနက် ၂၈၈ နေရာကို အနိုင်ရခဲ့ကြောင်း သိရသည်။ ထို့အပြင် ၎င်းအနေဖြင့် ဝန်ကြီးချုပ် သက်တမ်းကို သုံးကြိမ်မြောက် ပြန်လည်အနိုင်ရရှိခဲ့ကြောင်းလည်း ၏သိရသည်။ 


အေအက်ဖ်ပီ