ဝါရှင်တန် ၁၂ ဖေဖော်ဝါရီ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့သည် အောက်တိုဘာလ အတွင်းစတင်မည့် ဘဏ္ဍာနှစ်အတွက် ရသုံးငွေစာရင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ဘဏ္ဍာရေးအသုံးစရိတ် စာရင်းတွင် အချို့သောအစီအစဉ်များကို ဖြတ်တောက်ထားပြီး ရသုံး ငွေစာရင်းတွင် ကိုက်ညီမှုရှိအောင် ပြုလုပ်ထားသည်။ ကာကွယ်ရေး ဝန်ကြီးဌာနသို့ အသုံးစရိတ် ၇၀၅ ဘီလီယံ ခွဲဝေချထားပြီး အသုံးစရိတ် မြှင့်တင်ပေးမည့် အဆိုပြုချက်ပါဝင်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားအကူအညီများကို ဖြတ်တောက်သွားမည်ဖြစ်ပြီး ၁၁ ဒသမ ၇ ဘီလီယံခန့် ဖြတ်တောက်သွားမည်ဟု သိရသည်။
ယခုနှစ်နှောင်းပိုင်းတွင် အမေရိကန်ရွေးကောက်ပွဲ ပြုလုပ်တော့မည်ဖြစ်ရာ ယင်းမတိုင်မီ အမေရိကန်သာ ပထမဦးစားပေးဟူသည့် မူဝါဒကို ထင်ရှားအောင် ပြုလုပ်သည့်သဘောလည်းဖြစ်သည်။
ယခုအစီအစဉ်အရ အမေရိကန်၏ မဟာမိတ်များသည် ကိုယ်ပိုင်ကာကွယ်ရေးအသုံးစရိတ်ကို ၎င်းတို့ ဘာသာကျခံရန် ဖိအားပေးသွားမည့်အစီအစဉ်လည်းဖြစ်သည်။
ယခု အဆိုပြုထားသည့် ဘဏ္ဍာရေးအစီအစဉ်သည် ဘဏ္ဍာရေးလိုငွေပြမှု ပပျောက်ရန် ရည်ရွယ် လုပ်ဆောင်ထားခြင်းလည်းဖြစ်သည်။ နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်းမှာ ၃ ရာခိုင်နှုန်းဟု ခန့်မှန်းထားပြီး လက်ရှိနှုန်းထားထက် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။
အင်န်အိတ်ခ်ျကေ


