နမ့်စန် ၆ ဧပြီ
ပူပြင်းခြောက်သွေ့သောကာလအတွင်း သောက်သုံးရေရှားပါးလျှက်ရှိသော ကျေးရွာများကို ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်း ပေးလျှက်ရှိရာ ဧပြီလ ၆ ရက် နံနက်၈နာရီခွဲက ဟိုက်ဖတ်ကျေးရွာအုပ်စု နမ့်ကြုတ်ကျေးရွာ သို့ သွားရောက်၍ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင် ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအုန်းမောင် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်ဝင်းကြိုင် ၊ လက်ထောက် မီးသတ်ဦးစီးမှူး ဦးတင့်နိုင်ထွန်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ က နမ့်ကြုတ် ကျေးရွာရှိ အိမ်ထောင်စု ၇၅ စုအတွက် ရေဂါလန် ၃၂၀ဝ ကို ကျေးရွာအရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဧပြီလ ၃ ရက်နေ့တွင် တွံတီးကျေးရွာ နှင့် နမ့်ကြုတ် ကျေးရွာတို့တွင် ရေဂါလန်စုစုပေါင်း ၂၄၀ဝ ၊ ဧပြီလ ၅ ရက်နေ့တွင် လွိုင်စန့်ကျေးရွာ၌ ရေဂါလန် ၃၂၀ဝ သွားရောက်လှူဒါန်းပေးခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ သောက်သုံးရေရှားပါးသော ကျေးရွာများသို့ ဆက်လက်လှူဒါန်း သွားမည် ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန မှသိရသည်။
သူရအောင်(ပြန်/ဆက်)


