ရွှေကျင် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများအား စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းမှစတင်၍ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ကြော်ငြာဘုတ်များဖြင့် ကြေညာထားကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ ရက်သတ္တ နှစ်ပတ်ကြာ ကပ်ထားကြေညာထားရှိမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်မပါရှိ ပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရမည်ဖြစ်ပြီး မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်၊ မှတ်ပုံတင်၊ အဘအမည် စသည်ဖြင့် မှားယွင်းနေပါက ပုံစံ ၄(က)ဖြင့် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ အထက်ပါပုံစံများအား ရပ်ကွက်/ကျေးရွာ ကော်မရှင်ခွဲများထံတွင် အခမဲ့ထုတ်ယူနိုင်ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)


