ရေကြည် ဇန်နဝါရီ ၆
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ရေကြည်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ဟောပြောပွဲတွင် ရေကြည်မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစိုးနိုင်က မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးချိတ်၊ မီးကပ်၊ ရေပုံးများ၊ သဲအိတ် များထားရှိရေးနှင့် မီးဘေးအန္တရာယ် ဂရုပြုလိုက်နာ ဆောင်ရွက်ရေးအတွက် ကျောင်းသား ကျောင်းသူများအား အသိပညာပေး ဟောပြောသည်။
ထို့နောက် မီးဘေးအန္တရာယ် ဖြစ်ပေါ်ပါက အမြန်ဆုံးမီးငြှိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူး အသုံးပြု၍ ငြှိမ်းသတ်နည်းများကို မီးသတ် တပ်ဖွဲ့ဝင်များက လက်တွေ့ သရုပ်ပြခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)


