ရေကြည် ၂၂ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မကြီးလဟာကျေးရွာအုပ်စုတွင် ဧပြီ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်နှင့် ဧပြီ ၂၀ ရက် ညပိုင်းတွင် ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် ကမ်းရင်းတာတုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောပြခဲ့သည်။

 

မြစ်ကမ်းပြိုကျ ပျက်စီးသွားသော တည်နေရာမှာ ငဝန်တာမိုင် (၅၉/၅+၄၄၀) မှ (၅၉/၅+၅၇၂) အတွင်း မကြီးဟလာကျေးရွာအနီးဖြစ်ကြောင်း မကြီးဟလာကျေးရွာအုပ်စုဥက္ကဋ္ဌက ပြောပြခဲ့သည်။

 

တာအလျား ၁၃၂ ပေ ခန့်ပြိုကျ ပျက်စီးသွားခဲ့ပြီး တာထိပ်အကျယ် ၃ ပေခန့်သာ ကျန်ရှိတော့သည်။ ပြိုကျသွားသော ကမ်းရင်းတာ၏ အနောက်ဘက်တွင် အလျားပေ ၅၈၀၈ ရှိသော မကြီးဟလာပန်းတာ တာမိုင်(၅၉/၃-၆၀/၁) အတွင်း တည်ရှိပြီး ကမ်းရင်းတာနှင့် မကြီးလဟာပန်းတာကြား အကွာအဝေးမှာ (၅၄၅)ပေ ရှိပါသည်။

 

ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် တာတုံးပြိုကျ ပျက်စီးနေသောနေရာကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဧပြီ ၂၀ ရက် ညနေပိုင်းတွင် လာရောက်ကြည့်ရှုသွားကြောင်း ကျေးရွာအုပ်ချုပ်ချုပ်ရေးမှူး ပြောပြခဲ့သည်။

 

ဒေသခံတစ်ဦးမှ ပြိုကျသွားသော ကမ်းရင်းတာအား တည်ဆောက်ခြင်းလုပ်ငန်းကို မိုးရာသီမတိုင်မီ ကာလအတွင်း တည်ဆောက်ပေးသင့်ကြောင်း ပြောပြခဲ့သည်။

 

ဆန်းတင့်(ရေကြည်)