ရေကြည်   ၃၁   မတ်

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ရေကြည်မြို့နယ်  မယင်းကူးကျေးရွာအုပ်စု  မယင်းကူးကျေးရွာတွင်  ယမန်နေ့ညနေ  ၄ နာရီကျော်ခန့်က  အမျိုးသမီးတစ်ဦး  မြွဟောက်အကိုက်ခံရပြီး  သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ  မအေးအေးဝင်း(၁၉)နှစ်ဖြစ်ပြီး  နေအိမ်နှင့် တစ်ဖာလုံခန့်အကွာ  မယင်းကူးချောင်းစမ်းအိုင်တွေတွင် အိုင်ပက်ရင်း  တွင်းနှိုက်ရာမှ အကိုက်ခံရခြင်းဖြစ်ပြီး  ၎င်းတွင်းအားရှာကြည့်ရာ   မြွဟောက်တွေ့ရှိပြီး   ငါးသိုင်းချောင်းပြည်သူ့ဆေးရုံသို့သွားခဲ့ရာ  မြွဆေိပ်ဖြေဆေး အကြိမ်ကြိမ်ထိုးသော်လည်း ရောက်လာသည့်အချိန်နောက်ကျသဖြင့်   ဆေးရုံနှင့်ရွာအလှမ်းဝေးကာ ဆေးကုသခံနေစဉ်  သေဆုံးခဲ့ကြောင်း ဒေသခံဖြစ်သူ  ဦးတင်သန်းပြောပြ၍ သိရှိရသည်။

ဆန်းတင့် (ရေကြည်)