ရေး ၅ ဧပြီ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် (၆) ကြိမ်မြောက် မြို့နယ်ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးများနှင့် မြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့နယ်စူဠဘွဲ့နှင်းသဘင်နှင့် ၂၀၁၈ ခုနှစ် စာအောင် သံဃာတော်များအား စာအောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉) နာရီက ရေးမြို့ ရွှေဆံတော်စေတီ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်ကိုယ်စား ဖာလဇေတဝန်ကျောင်း တိုက်ဆရာတော် မဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကန္ဒသီရိထံမှ ငါးပါးသီလနှင့် သြဝါဒခံယူပြီး မြို့နယ်အုပ်ချုပ်ရေး မှူး ဦးကံဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆက်လက်၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ သြဝါဒစရိယဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များနှင့် ၂၀၁၈ ခုနှစ် စာအောင် သံဃာတော် များအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်ထွန်းခိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်နှင့် သာဓုအနုမောဒနာရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။
MDN


