နေပြည်တော် ၂၂ ဒီဇင်ဘာ 

ရေးမြို့နယ် ရင်းဒိန်ကျေးရွာရှိ ကန့်သတ်နယ်မြေဖြစ်သော ပင်လယ်ကမ်းခြေ၌ တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသား ၄ ဦးအား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေးမြို့နယ် ဒုလဝကမှူးနှင့် ခေါဇာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ရေးမြို့နယ် ရင်းဒိန်ကျေးရွာရှိ ကန့်သတ်နယ်မြေဖြစ်သော ပင်လယ်ကမ်းခြေ၌ တရုတ်နိုင်ငံသား ၄ ဦးအား တွေ့ရှိ၍ စစ်မေးရာ ၎င်းတို့သည် ဂွေးပုဇွန်ဝယ်ယူပြီး အခြောက်လှမ်းကာ တရုတ်ပြည်သို့ ပို့ဆောင်ရန်လုပ်ကိုင်နေသည်မှာ ၁၀ ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားမဝင် ဝင်ရောက်နေသည့် Mr.Zhong Chong Zhao ပါ ၄ ဦးအား ခေါဇာနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း ရဲပြန်ကြားသတင်းအရ သိရသည်။

MDN