ရေး ၁၃ ဧပြီ

 


ရေးမြို့နယ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် အလှူရှင်များမှ စုပေါင်း၍ ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြိုနယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ေ

 

အခမ်းအနားတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင်များ၊ မြိုနယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်အလှူရှင်တို့က အဘိုးအဘွားတို့အား လှူဖွယ်ပစ္စည်းများ၊ အလှူငွေများဖြင့် လှူဒါန်းကန်တော့ကြပြီး အဘိုးအဘွားများ ကိုယ်စား အဘိုးဦးတင်ညွန့်နှင့် အဘွားဒေါ်ဝင်းစိန်တို့က ဆုတောင်းမေတ္တာပို့သပေးကြသည်။

 


ယနေ့ ဘိုးဘွားသက်ကြီးကန့်တော့ပွဲတွင် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၂၃၆)ဦးတို့အား အဘိုးအဘွားတစ်ဦးလျှင် ငွေကျပ် ၁၇၀ဝ၀ စီဖြင့် စုစုပေါင်း အလှူငွေကျပ် ၄၀၁၂၀ဝ၀ တို့နှင့်အတူ လှူဒါန်းမှုပစ္စည်းများဖြင့် အလှူဒါနပြုခဲ့ကြောင်း သိရသည်။

 


ရေး(ပြန်/ဆက်)

 

််