ရေမင်းသာယာကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း စတင်အကောင်အထည်ဖော်

လှိုင်းဘွဲ ၂၇ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကမော့ကချူးကျေးရွာအုပ်စု ရေမင်းသာယာကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းကို ယမန်နေ့က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေ ၂၁,၁၀၀,၀၀၀ ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၁၁၁၀ ပေ x အကျယ် ၁၄ ပေ x ထု ၆ လက်မ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ လက်ထောက် နည်းပညာမှူး နန်းဆုလဲ့ဖြူ၊ လူထုစည်းရုံးရေးမှူး ဒေါ်မျိုးမမလေးတို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)