နေပြည်တော် ၂၀ မတ်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀.၃.၂၀၂၀) ရက်နေ့တွင် ရေနည်းကာလ မြစ်ရေအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်ရေသည် ယနေ့ မြန်မာစံတော်ချိန် (ဝ၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင် ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာအထက်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်သည်။
ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (ဝ၆:၃၀)နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် (၉၉) စင်တီမီတာသို့ ရောက်ရှိနေပါတယ်။ အဆိုပါမြစ်ရေသည် လာမည့် မတ်လကုန်အထိ ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀ဝ) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်သည်။
MDN


