နေပြည်တော် ၇ ဖေဖော်ဝါရီ
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၇.၂.၂၀၂၀) ရက်နေ့တွင် ရေနည်းမည့်သတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားသည်။
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင် (၄၂၂) စင်တီမီတာသို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်(၇)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပြီး ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာ အောက်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန် ထားသည်။
MDN


