ရွှေဖရုံသီးဟင်းချို

ရွှေဖရုံသီးရဲ့ သဘာဝအချိုကို အသုံးပြုပြီး မီဆိုဟင်းချိုကို အရသာပိုရှိအောင် ချက်ထားတာပါ။

 

ပါဝင်ပစ္စည်း ( ၂ ဦးစာ)

 

ရွှေဖရုံသီး ၁၀ဝ ဂရမ်

 

ကြက်သွန်နီ ၄ပုံတစ်ပုံ ( ၅၀ဂရမ်)

 

Dashi စွပ်ပြုတ်ရည်  ၄၀ဝ မီလီလီတာ

 

မီဆို  စားပွဲဇွန်း ၁ဇွန်းခွဲ

 

ပြုလုပ်ပုံ

 

၁။ရွှေဖရုံသီးရဲ့ အစေ့တွေနဲ့ အူတိုင်အမျှင်တွေကို ဇွန်းနဲ့ခြစ်ထုတ်ပြီး  လက်ချောင်းတစ်ချောင်းစာအထူ၊  တစ်လက်မခွဲအရှည်အပိုင်းလေးတွေ  ပိုင်းပါ။ကြက်သွန်နီကိုလည်း လက်မဝက်အရွယ် အတုံးလေးတွေ တုံးပါ။

 

၂။အိုးတစ်လုံးထဲမှာ dashi စွပ်ပြုတ်ရည်ကို ထည့်ပါ။ ထို့နောက် ရွှေဖရုံသီးတွေ ထည့်ပြီး မီးအသင့်အတင့်နဲ့  ဆူပွက်စပြုလာသည်အထိ တည်ပါ။ အပြုတ်ရည် ဆူပွက်လာပါက ၂ မိနစ်ခန့် ဆက်တည်ထားပါ။ ထို့နောက် ကြက်သွန်နီ အတုံးလေးတွေထည့်ပြီး  ၂ မိနစ်ခန့် ဆက်တည်ထားပါ။ ကြက်သွန်နီအတုံးလေးတွေ အရောင်ပြောင်းသွားပြီဆိုရင် မီဆို ထည့်ပါ။ မီဆိုတွေ ဟင်းရည်ထဲမှာ ပျော်ဝင်သွားပြီဆိုရင်   အိုးကို မီးဖိုပေါ်က ချနိုင်ပါပြီ။

 

ကိုးကား- NHK