ရေဖြူ အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပေးဆိုင်းဘုတ် “နိုင်ငံသား အခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့”ကို ယနေ့နံနက်ပိုင်းတွင် ရေဖြူမြို့ မြို့မစည်ပင် သာယာမြဟေဝန် ပန်းခြံရှေ့နှင့် ရေး-ထားဝယ်ကား လမ်း ရေဖြူတံတားထိပ် လူစည်ကားရာနေရာများ၌ စိုက်ထူသည်။
တက်ရောက်
အဆိုပါဆိုင်းဘုတ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်လင်းနိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ထင်ကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံး ဒုတိယဦးစီးမှူး ဦးခင်မောင်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာ/ရပ်ကွက် ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်စိုက်ထူခဲ့ကြောင်း သိရသည်။
ရေဖြူ(ပြန်/ဆက်)


