ရွှေသောင်ယံမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ရွှေသောင်ယံ ဧပြီ ၇

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို၊ အသောကာရာမ(မကျီး) ကျောင်းတိုက်တွင် ယနေ့ နံနက် ၁၁ နာရီခွဲက ဗိုလ်မှူးမင်းသန့်နိုင် ဦးဆောင်သော မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့နှင့် ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများအဖွဲ့တို့မှ ရွှေသောင်ယံမြို့ရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များကို တက်ရောက်လာကြသော ပြည်သူလူထုအား ဝန်ထမ်းများမှ လိုက်လံဝေငှပေးခဲ့ကြပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ဗိုလ်မှူးမင်းသန့်နိုင်မှ ပြည်သူများကြား အထင်အမြင်လွဲမှားမှုများ မရှိစေရေး စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်များကို ပြည်သူများ တိတိကျကျ နားလည်စေရေးတို့အတွက် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်(၁၊ ၂၊ ၃) အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

ရွှေသောင်ယံ(ပြန်/ဆက်)