နေပြည်တော် ၂  ဧပြီ 


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိပ်က္ခာအဖွဲ့ (FAO) တို့ ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိပ်က္ခာအဖွဲ့၏ ထောက်ပံ့ကူညီမှုဖြင့် ရေသယံဇာတ စီမံခန့်ခွဲမှုဆိုင်ရာ အထောက်အကူပြု သင်တန်း "Water Accounting and Auditing Training" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉) နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်မောင်အေးထူးမှ အဖွင့်အမှာစကား ပြောကြားပြီး FAOမှ Senior Water Management Expert Dr. Puspa Raj Khanalနှင့် Water Resources ConsultantDr. Jeff Davidsတို့မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းနှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ သင်တန်းသို့ မန္တလေးနည်းပညာတက္ကသိုလ်မှ (၄)ဦး၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ (၅) ဦး၊ Water Resource Training Centre မှ (၂)ဦး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (၅)ဦး၊ စိုက်ပျိုးရေးဦးစီးဌာနမှ (၅)ဦးနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ (၁၀)ဦးအပါအဝင် သင်တန်းသား/သူစုစုပေါင်း (၃၁)ဦးတက်ရောက်ကြောင်းသိရသည်။


သင်တန်းကို ဧပြီ ၁ ရက်မှ ၅ ရက်အထိ (၅) ရက်ကြာဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီးနိုင်ငံတော်၏ ရေသယံဇာတစီမံခန့်ခွဲမှုတွင်များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။


(သတင်းစဉ်)