စက်တင်ဘာလ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ကြို့ပင်သာကျေးရွာရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်ရေသုံးရေများ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် စင့်မြင့်ရေစင်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)၊ ရေတာရှည်မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ကျေးရွာရေးရရှိရေး ကော်မတီဝင်များနှင့်အတူ ကြို့ပင်သာကျေးရွာ၌ ဂါလံ(၂၆၀၀)ဆံ့ စင်မြင့်ရေစင် Steel Structure တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)ဦးသန့်ဇင်မျိုးက ကျေးရွာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လုပ်ငန်း များ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ကျေးရွာတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ကြို့ပင်သာကျေးရွာ၌ ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင် Steel Structure တည်ဆောက်ခြင်း လုပ်ငန်းကို ခွင့်ပြုရန်ပုံငွေကျပ် (၄၂ဒသမ၅၂)သန်း အကုန်အကျခံကာ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ပူးပေါင်း၍ ယခုနှစ် ဇူလိုင်လ တတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး၏ (၉၀)ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မောင်ခိုင်


