ရေတာရှည်မြို့နယ်အတွင်း ပျက်စီးလယ်ဧကများအတွက် ကွန်ပေါင်းဓာတ်မြေသြဇာများ ပေးအပ်

ရေတာရှည်   ၂  ဒီဇင်ဘာ

ရေတာရှည်မြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ချောင်းရေတိုက်စားမှုများကြောင့် သဲဖုံး၊ ပျက်စီးလယ်ဧကများအတွက် ကွန်ပေါင်းဓာတ်မြေသြဇာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဆွာမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

129

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးဦးလှမြင့်က ကွန်ပေါင်းဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ချောင်းရေတိုက်စားမှုကြောင့် သဲဖုံး၊ ပျက်စီးလယ်ဧက ၁၄၆၁ ဧကအတွက် ကွန်ပေါင်းဓာတ်မြေသြဇာ ၂၉၂ အိတ်ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးလှမြင့်တို့က တောင်သူများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)